Thursday, 28 February 2013

တစ်လဆိုတဲ့အချိန်က ခဏလေးနဲ့ဘယ်လိုကုန်သွားမှန်းတောင်မသိဘူး........သြော်........အလုပ်.........အလုပ်.......တော်တော်ကိုအချိန်ပေးရပါလား
နေစရိတ်၊ စားစရိတ် အကုန်ကာမိအောင်ပေးထားတော့လဲ  မထွက်နိုင်ဘူးပေါ့ ဒါပေမယ့်လဲ လင်တော်မောင်ရဲ့ ဘယ်အချိန် သူရှိတဲ့နေရာကို ပြောင်းလာနိုင်မလဲ ဆိုတဲ့မေးခွန်းက တစ်ဖြေးဖြေးစိတ်လာတာကိုတော့ အလုပ်များနေတဲ့ကြားထဲကသတိထားမိပါရဲ့...........

ငယ်ငယ်တုန်းက အစိုးရ၀န်ထမ်းဖြစ်တဲ့ အဖေဟာ ဘယ်ကိုပဲပြောင်းပြောင်း မိသားစုကို ခေါ်သွားပါတယ်။ အဖေ့အတွက်တော့ မိသားစုဟာ အဖေ့ရဲ့ဘ၀၊ အဖေ့ရဲ့အင်အားတွေပေါ့.........အလုပ်ထဲမှာ ဘယ်လောက်ပဲ ပင်ပန်းပါစေ......မိသားစုကိုအမြဲတမ်း အချိန်ပေးဖို့ကိုမမေ့ခဲ့သူပါ............

ကိုယ့်ရဲ့အလှည့်ကျရင်ကော မိသားစုအပေါ်တာဝန်ကျေနိုင်ပါ့မလားလို့ စိတ်ရှုတ်ရှုတ်နဲ့တွေးမိပါရဲ့....






No comments:

Post a Comment